ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Thursday, September 6, 2012

အညတြ အချစ်

အချစ်ပန်း တစ်ပွင့်
ရင်မှာလေပွင့်လည်း
ခူးခွင့်မရ
အညတြမို့
နီးလျှက်သာ
ကြိတ်မှိတ်စွာ
ရင်မှသိုသိပ်
ချစ်နေတော့မယ်
ချစ်ရသူ.....၊

တစ်ဖက်သက်အချစ်တဲ့
ကြားဖူးခဲ့သားပဲ
ကိုယ့်အတွက်ဖြစ်လာမယ်လို့
ကိုယ်မထင်ထားခဲ့ဘူး
အခုတော့သာသန၀န်ထမ်း
ရှင်ရဟန်းဆိုတဲ့အသိနဲ့
ရင်ထဲကအချစ်တွေကိုသိုသိပ်...
မင်းပြောတဲ့ မင်းချစ်သူ..ငါသူငယ်ချင်း
အကြောင်းကိုနားထောင်ရင် မင်းရဲ့ရှေ့မှာ
ကျိတ်မှိတ်လို.သာငိုနေရတဲ့ တို.လိုဘဝ
တို.နေရာမှာ မင်းသာဆိုရင်မင်းဘယ်လိုခံစားရမလဲ
မင်းလေးစဉ်းစားကြည့်သူငယ်ချင်းချစ်သူလေးရာ....၊


အညတြဘိက္ခု

No comments:

Post a Comment

Template by : kendhin x-template.blogspot.com