အေးချမ်းစေကြောင်း နှစ်တစ်သောင်း
အတိတ္ထယ၀ုတ္တိလင်္ကာမြောက်အောင်
လွန်ကြူးဖွဲ.ဆိုမိ၏။
မည်သူနည်း။
အမည်သညာမှည့်ဆိုထားသည်
တိုင်းရင်းသူလေး အယ်လ်နန်ဆိုင်းဘူ
မိတ်ဆွေတွေကတော့ ဆိုင်းလေး
အရာရာကို တုံ.ဆိုင်းဆိုင်းဆုံးဖြတ်တက်လို.လားတော့မသိ။
ဖြူစင်ရိုးလွန်းတဲ့သူလေး
အေးဆေးတည်ငြိမ်သူလေး
" ဆိုင်းလေး ၊မင်္ဂလာပါ။ "
" ဆိုင်းလေး ၊ဘယ်လဲ "
" ဆိုင်းလေး ၊ပြန်လာပြီလား "
မနောဖြူ တိုင်ရင်းသူမို.
ချစ်သူ ၊ခင်သူပေါများလေစွ။
မကြာမှိလာပြီ အောက်တိုဘာ ၅ ရက်
LIBRA ခေါ် တူရာသီဖွား
ချိန်ခွင်ကို ကိုယ်စားပြုသူ
အရာရာမယ်လဲ မျှတစိတ်ထားနှင့်။
ဒီနေ. ၊ဒိရက် ၊ဒီမွေးနေ.
သက္ကရာဇ် အဟောင်းတွေကို ဖြတ်ကျော်
သက္ကရာဇ်အသစ်တွေကို ရှေးရှု
အနာဂါတ်ခရီးလမ်း ဖြောင့်ဖြူးစေကြောင်း
တောင်းဆုခြွေချင်။
ဒိနေ. ၊ဒိရက် ၊ဒီမွေးနေ.မှသည်
နောင်သက္ကရာဇ်များစွာ
အေးချမ်းသောဘဝ
ပျော်ရွှင်သောဘဝ
လိုတိုင်းတ ၊တတိုင်းရ
လက်ညီုးညွန်ရာ
စိတ်၏ ချမ်းသားခြင်း
ကိုယ်၏ ကျန်းမာခြင်း
ဒီမင်္ဂလာနှစ်ဖြာပြည့်စုံပါစေသား
မွေးနေ.ဆုမွန်ကို ဒိလိုတောင်းဆုခြွေခဲ့မည်။
No comments:
Post a Comment