ကမ်းခြေကိုပြေး ဆော့ကစားနေ
ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဝေးတစ်နေရာ စက္ခုဆုံးမှာ
မြစ်ပြင်ကြီးနှင့် မိုးကုတ်ဝန်းက
ဂဟေဆက်လို. ပေါင်းဖတ်နေပြီ။
ရှုခင်းသာယာ ငေးမောစိတ်စဉ်
ဟိုတစ်ကွက်တွေး ဒီတစ်ကွက်ဆွေး
ဘာကိုလွမ်းလို. နေသည်မသိ။
မြစ်ပြင်ကိုဖြတ် လေနုနွေးလေး
ကလူကျီစယ် မျတ်နှာလာထိ
ခပ်နွေးနွေးလေး သိမိချိန်နှင့်
နာစည်းကိုထိ သံစဉ်တေးလေး
လေနုနွေးနှင့် ပါလာသည်လေ။
" တစ်ပင်ထဲ ရင်ထဲကနွယ်
------------ ရစ်ပတ်နှောင်တွယ် "
ပေါက်... ပေါက်... ပေါက်... ပေါက်...
နရီကျကျ စည်းချက်သံစဉ်
တစ်ပေါက်ပေါက်ဖြင့် ကြားမိချိန်မှ
အသိစိတ်ဝင် အေးမြစွတ်စို
ပါးပြင်မှဆင်း ဧရာနဒီသို.
နောက်ဆုံးပုလဲ လိမ့်ဆင်းသွားပြီ
ပေါက်...........................
( ခွဲခွာချင်း နှစ်နှစ်ခွဲအမှတ်တရ )
No comments:
Post a Comment