ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Sunday, September 2, 2012

အတိတ်မှပုလဲများ

လေရူးကတသုန်သုန်ဝှေ.ပါလို.
စိတ်ရူးကအတိတ်ကိုဆောင်
အချစ်ရူးက ကဗျာတီကာဖွဲ.တော့
တစ်ယောက်သောသူ ရယ်ကာပြုံးပေါ့။
မပလီပါ တည်ကာပြောလို.
" တို.ဘ၀မှာ ကိုသာမရှိရင်မဖြစ်တော့ "
သောတနဲ.မခံယူ နှလုံးသားနဲ. ခံယူပါသော်လည်း
နှောင်းတစ်ချိန် ကွဲကွာရပေါ့။
ငါ့ရင်မှာ မေတ္တာပန်းဟာ တစ်ခါသာပွင့်လို.
အချစ်ကံရယ်ခေလွန်းခဲ့
ဖူးစာနတ်မင်းက ဘီလူးဆိုင်းတီးနေလည်း
ကိုယ်ကတော့ မင်းသား " က " ကလျှက်ပေါ့။
ပြန်မလာနိုင် ချစ်လိပ်ပြာလေးကို
မုသားမိုးခါးတွေနဲ. ၇ှင်သန်ခဲ့တဲ့
မေတ္တာပန်းလေးစောင့်မျှော်နေလည်း
နွေ၊ မိုး၊ ဆောင်းသာ အလီလီပြောင်းပေါ့။
လေကြမ်းတစ်ချက် ၀ုန်းဒိုင်းကြဲလို.
ဘီလူးဆိုင်း၊ ဘီးလူးကဖြင့်ဝင်လာပြီ
စိတ်အစဉ်လွင့်ကာပျယ်တော့
ပါးပြင်မှာစွတ်စိုလို.ပေါ့

ASMOON

No comments:

Post a Comment

Template by : kendhin x-template.blogspot.com