ဆောင်းလေတဲ့ ဆောင်းလေ
ကျောင်းမြေမှာ နှင်းမှုန်ဝဲ
ဖွဲကျလို.နေ
ခင်မင်တဲ့ပျော်ရက်တွေ
အေးမနေတဲ့မြူထဲ
သူရိန်နေ ၀င်ကာခွဲတော့
ကွဲခဲ့ပြီလေ။
၂။
မျှော်ရှာတဲ့မျှော်ရှာ
ဖော်သဟာ ရော်ဝါလမ်းက
မှန်းဆလို.သာ
အရင်က ကျောင်းတော်မှာ
သာပါစပြန်မေး
ကျောင်းအ၀င် ခရေပင်တန်းမှာ
လွမ်းဖွဲ.တယ်လေး။
၃။
ဖြေပါတဲ့ဖြေပါ
တပြည်ရွာ မြေကွာလှမ်းလို.
တမ်းတတဲ့အခါ
ခိုနားခဲ့ ကျောင်းတော်သာ
ပေါင်းဖေါ်ရာ သူငယ်ချင်း
သူရေးလာခင်မင်ကြောင်း
နှောင်းရက်လေခြင်း။
၎။
မမေ့ပါတဲ့မမေ့ပါ
တစ်နေ.မှာပြန်ဆုံသမျှ
တောင်းဆုပန်မှာ
ရောင်စုံပန်းအလွှာလွှာ
ဖူးပွင့်ရာမြိုင်တန်း
ငြီမ်းချမ်းလေပြေအသွေးနဲ.
နွေးထွေးရာနန်း
ပန်းနှစ်ပွင့်ခြေလှမ်း ( ၁ ) မှ



Mandalay Time
























No comments:
Post a Comment