နှုတ်မရပြီ၊ ဘာနှင့်နှုတ်ရ
အမှန်တရား၊ လက်မခံတော့
အချိန်ကာလ၊ ကုစားမရ
ဒီဆူးစူးလျှင်၊ ကုရာနတ္ထိ
သူကိုလည်းပဲ၊ မစူးစေချင်
ငါကိုလည်းပဲ၊ မစူးစေချင်
လူသားဘ၀၊ လိုတာမရ
မလိုတာရ၊ သူလည်းစူးပြီ
ငါလည်းစူးပြီး၊ ရူးရလေပြီ
အသင်လောက၊ သင်ကြောင့်ဖြစ်လား
အတိတ်ကြောင့်လား၊ ကြမ္မာရက်စက်
လုပ်ရက်လေးချင်း၊ ငါတို.ချစ်ခြင်း
ကွဲရလေပြီ၊ ခွဲရလေပြီ
No comments:
Post a Comment