အလင်းဖျော့ဖျော့အောက်မှာ
တစ်ကျစ်ကျစ်မြည်နေတဲ့
ညပိုးကောင်လေးတွေရဲ.
သံစဉ်ကိုနာစွင့်
တစ်လောကလုံး
မှုန်ရီဝိုးတ၀ါး အလင်းရောင်အောက်
တိတ်ဆိတ်မှုများဖြင့် အိပ်မောကျလို.
ပိုးမွှားတွေရဲ. တေးတစ်ပုဒ်
စန္ဒာကြိးရဲ. အလင်းရောင်တစ်ဆုပ်
တာဝန်ကျေကြယ်စဉ်တစ်စုက
မှိုတ်တုတ်မှိုတ်တုတ်
လွမ်းမောဖွယ်ညတစ်ည
အိမ်မတ်ယောင်သူတစ်ယောက်လို
နှုတ်မှတတွတ်တွတ်ဖြင့်
ပြန်လာခဲ့ပါချစ်ခဲ့ရသူ
မဖြစ်နိုင်တော့တဲ့တမ်းတမှု
မသိလိုက်ခင်ဒီအတွေးဝင်
အသိစိတ်ဝင် ချက်ချင်းမောင်းထုတ်
သူကိုနာကျဉ်းမုန်းတီးတယ်
No comments:
Post a Comment