တနေ့သ၌ ကျီးတစ်ကောင် သည် သစ်ပင်မြင့်ကြီး တစ်ပင်၏ အကိုင်း တစ်ခုတွင်
သစ်ကိုင်းပေါ်တွင် တစ်နေကုန် ဘာမှ မလုပ်ပဲ အေးချမ်းစွာ နားနေလေသည်။
ထိုအခိုက် တောအုပ်ထဲ မှ ယုန်တစ်ကောင် ထွက်လာပြီး အေးချမ်းစွာထိုင်နေသည့် ကျီးကို မြင်လေ၏။
ယုန်က ထိုင်နေသည့် ကျီးကို လွန်စွာအားကျလှသဖြင့် ... "အဆွေကျီး... ကျွန်ုပ်မှာ တစ်နေကုန် ပြေးလွှား ရုန်းကန် နေရပါသည်။ ကျွန်ုပ်လည်း အသင်ကဲ့သို့ အေးချမ်းစွာ ထိုင်နေ လို့ ရမည်လော" ဟုမေးလေ၏။
ကျီးက "အင်း" ဟု တိုတိုတုတ်တုတ် ဖြေလိုက်၏။
ထို့နောက် ယုန်လည်း မြေပြင်ပေါ်တွင် ထိုင်နေလိုက်လေ၏။
များမကြာမီ ၀ံပုလွေတစ်ကောင်ထွက်လာပြီး ထိုင်နေသည့် ယုန်ကို ကိုက်စားလိုက်လေသည်။
သင်ခန်းစာ။ ။အေးအေး ထိုင်နေဖို့ ဆိုတာက နေရာမြင့်မြင့် မှာ ရောက်နေရင် ကိစ္စမရှိဘူး။

from http://phyowaikyaw.blogspot.com/search/label/Jokes

Mandalay Time

No comments:
Post a Comment