ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Tuesday, July 10, 2012

လည်လိုက်တဲ့ အင်္ဂလန်သား

     အင်္ဂလန်ပရိသတ် လေးယောက်နှင့် ဆွီဒင်ပရိသတ်လေးယောက်တို. ယူရိုဘောလုံးပွဲကြည့်ရန်အတွက် တည်ခိုးရာ ဟိုတယ်မှ ဘောလုံးကွင်းဆီသို. ရထားစီးကြသည်။ ဆွီဒင်လေးယောက်က လက်မှတ်လေးစောင်ဝယ်သည်။ အင်္ဂလန်လေးယောက်မူ လက်မှတ် တစ်စောင်သာ ၀ယ်သည်။ ရထားပေါ်တွင် အင်္ဂလန်အားလုံး အိမ်သာထဲ ၀င်ပုန်းနေကြသည်။ လက်မှတ်စစ်လာသောအခါ အင်္ဂလန်တစ်ယောက်က အိမ်သာတံခါးကို အနည်းငယ်မျှဟပြီ လက်မှတ်ကိုပေးသည်။ ဘောလုံးကွင်းဆီ ရောက်လာကြသည်။
     အင်္ဂလန်တို.၏ ပါးနပ်မှုကို ဆွီဒင်တို. အံသြသွားကြသည်။ အပြန်ခရီးတွင်လည်း အင်္ဂလန်တို.၏ ပုံစံအတိုင်းလုပ်မည်လုပ်မည်ဟု ဆုံးဖြတ်လိုက်ကြသည် အပြန်ခရီးတွင် ဆွီဒင်တို.ကမူ လက်မှတ်တစ်စောင်သာ ၀ယ်သည်။ အင်္ဂလန်တို.ကမူ လက်မှတ် တစ်စောင်မှ မ၀ယ်ချေ။ ရထားပေါ်ရောက်သည်နှင့် ဆွီဒင်တို. အိမ်သာထဲဝင်ပုန်းနေကြသည်။ အိမ်သာတံခါး လာခေါက်သောအခါ တစ်ယောက်က တံခါးကို ဟရုံကလေး ဟပြီး လက်မှတ်ကို ကမ်းပေးသည်။
     ထိုလက်မှတ်ကို ယူပြီး အင်္ဂလန်ပရိသတ်များ နောက်အိမ်သာတစ်ခုထဲ ၀င်ပုန်းလိုက်ကြသည်။

No comments:

Post a Comment

Template by : kendhin x-template.blogspot.com