ကြီးသာလာသည် ၊ဘ၀အတွက်
ဘာလုပ်ပြီးလဲ။
အတိတ်ကိုပြန်ငဲ့ ၊ကုန်လွန်ခဲ့ချိန်
ပညာမရှာ ၊ဥစ္စာမစု
ဘာရခဲ့လဲ။
ပြန်သာတွေးမိ ၊ကိုယ့်စိတ်အစဉ်
နှောင်းမှရသည့် ၊မိုက်နောင်တကို
ရင်ဝယ်ပိုက်မိ။
အနာဂါတ်ရေး ၊လောကပင်လယ်
မည်ပုံဖြတ်သန်း ၊မည်သို.ရင်ဆိုင်
မတွေးရဲမိ။
ခုချိန်ခါမှာ ၊ပညာရှာလဲ
ကျဉ်ပွေ.အတက်ပေါက် ၊ခွေးအိုလက်ပေး
မမှိတော့ပြီ။
ခုချိန်ခါမှာ ၊ဥစ္စာရှာလဲ
ပညာမရှိ ၊ငွေကြေးမဲ့တော့
ငွေမဖြစ်ပြီ။
လောကအလယ် ၊မျတ်နှာငယ်ဖြင့်
ခန္ဓာဖောင်လေး ၊ကျားကန်ထားလို.
အရောက်လှော်မည်။
ကိုယ်သာဘုရင် ၊ကိုယ်သာသခင်
အားတင်းမှတ်ယူ ၊ရင်ဆိုင်ရင်ပြိုင်
အနိုင်ယူမည်။



Mandalay Time
























No comments:
Post a Comment