ဘလော့တစ်ခုရယူခြင်း
Gmail account တစ်ခုရှိရန်လိုပါတယ်။
ဒီမှတ်စုလေးက အရမ်းကလေးဆန်လွန်းပါတယ်။ ဒါပေမယ့် လက်ရှိဘလော့လေး ဖြစ်လာဖို.အတွက် အခြေခံအုတ်မြစ်လေး ၊ပထမဆုံး ခြေလှမ်းလေးဖြစ်လို. မှတ်စုအဖြစ် ကူးယူထားမိပါတယ်။ ပညာရပ်ဆိုင်ရာ ဘာတစ်ခုမှ မပါပါဘူး။ အင်္ဂလိမ်စာ တက်ရုံနဲ.တင် ရတဲ့ အရာဖြစ်နေလိုပါ။
ပထမဆုံး Mozilla Firefox ကိုဖွင့် address bar မှာ www.blogger.com ကို ရိုတ်ထည့်ပြီး blogger ကိုခေါ်ယူပါတယ်။ username နဲ. password နေရာတွင် Gmail ဖွင့်သလို နာမည် ၊ပတ်ဝတ် ရိုတ်ထည့်ပြီး Enter ခေါက်လို.ပဲဖြစ်ဖြစ် ၊Sign in ကိုကလစ်လိုပဲဖြစ်ဖြစ် Blogger ကိုဖွင့်လိုက်ပါတယ်။ ထိုအခါအောက်ပါပုံလေး ပေါ်လာပါတယ်။
အထက်ပါပုံထဲမှ Create a limited blogger profile ကိုကလစ်လိုက်ပါတယ်။ ထိုအခါ အောက်ပါပုံလေး မြင်ရပါတယ်။
ဒီနေရာမယ် ကျွန်တော်ခုလုပ်မယ့် ဘလော့ခေါင်းစဉ် ထည့်ရမှာဖြစ်ပါတယ်။ သူငယ်ချင်းဘလော့လေးကို ကြည့်ပြီး အားကျစိတ်တစ်ခုတည်းဖြင့် ဘလော့တစ်ခုစမ်းလုပ်ကြည့်တဲ့အတွက် ကျွန်တော့်မယ် ဘာပြင်ဆင်မှုမှမရှိခဲ့ပါဘူး။ ဒါကြောင့်မို. ဘလော့ခေါင်းစဉ် ဘာထည့်လို. ထည့်ရမှန်းမသိဖြစ်လို. Dota ခုတ်ရင် သုံးတဲ့ Foolish Man ဆိုတဲ့ နာမည်ကိုပဲ ရွေးလိုက်မိပါတယ်။ အထက်ပါပုံထဲက Display Name တိုတဲ့ ကွက်လပ်မယ် Foolish Man ဟုရိုတ်ထည့်ပြီး Continue to Blogger ကိုကလစ်လိုက်ပါတယ်။ ထိုအခါ အောက်ပါပုံအတိုင်း ပေါ်လာပါတယ်။
ဒိနေရာမယ်က ကျွန်တော်ရွေးထားတဲ့ ဘလော့ခေါင်းစဉ် (အပေါ်မယ်ရေးခဲ့တဲ့ ခေါင်းစဉ်)နဲ. ကိုယ့်ရဲ. Blog လိပ်စာဖြစ်မယ့် Site နာမည်ကိုရေးရမှာဖြစ်ပါတယ်။ ဒိပုံထဲမယ်က Title ဆိုတဲ့ ကွတ်လပ်ရယ် ၊Address ကွတ်လပ်ရယ် ၊Template ရယ် ဖြည့်စရာ ရွေးစရာရှီပါတယ်။ ခေါင်းစဉ်အတွက် အပေါ်မယ်ရွေးထားတဲ့ Foolish Man ဆိုတဲ့နာမည်ရှီပြီးသားမို. Tittle ဆိုတဲ့ ကွတ်လပ်မယ် Foolish Man ဟုဖြည့်ပါတယ်။ နောက်တစ်ခု Blog/Site လိပ်စာနာမည်။ အချိုကဆိုက်လိပ်စာကို Gmail နာမည်ပဲရွေးတက်ကြပါတယ်။ ကျွန်တော်လဲ Gmail နာမည်ပဲ ရေးပြီးမှ ရုတ်တရက် လက်ရှီဘလော့နာမည်လေး စဉ်းစားမိတာနဲ. ဒီနာမည်လေးကိုပဲ သုံးလိုက်မိပါတယ်။ Asmoonsaturn ဆိုတဲ့နာမည်လေးကို ရွေးပြီသွားပြီး။ ဒိနာမည်လေးကို Address ဆိုတဲ့ ကွတ်လပ်မှာဖြည့်ပါတယ်။ ဒိနာမည်လေးဖြည့်တော့ နောက်မှာ blogspot.com မြင်ပါတယ်။ ဒါကြောင့် ကိုယ်ဆိုက်လိပ်စာဖြစ်လာမယ့် နာမည်က ဒိလိုလို. ထင်မြင်ခဲ့ပါတယ် asmoonsaturn.blogspot.com လို.။ ကဲ ခေါင်းစဉ်ပြီးပြီ ၊Blog လိပ်စာပြိးပြီး ၊နောက် Template ကို တစ်ခုခုရွေးလိုက်ပါတယ်။ ကိုယ်ကြိုက်တဲ့ ပုံလေးတစ်ခုကို ကလစ်လိုက်ပါတယ်။ ဒါတွေပြီးတော့ Create blog ကိုကလစ်လိုက်ပါတော့တယ်။ ထိုအခါ အောက်ပါပုံအတိုင်း ကျွန်တ်ေကိုယ်ပိုင် ဆိုက်(ဘလော့) တစ်ခုကိုရရှိခဲ့ပါတယ်။
ပုံ-၎
ကျွန်တော့်ဘလော့မယ် ပထမဆုံး Post တစ်စောင်တင်ခြင်း
ပထမဆုံး အောက်ပါပုံထဲမှ စက်ဝိုင်းပြထားနေရောကို ကလစ်ပြီး စာရေးတဲ့နေရာကိုသွားပါတယ်။
ပုံ-၅
ပထမဆုံး အောက်ပါပုံထဲမှ စက်ဝိုင်းပြထားနေရောကို ကလစ်ပြီး စာရေးတဲ့နေရာကိုသွားပါတယ်။

ထိုအခါ
post ခေါင်းစဉ် ၊စာရေးမယ့်နေရာ စသည်ဖြင့်တွေရပါတယ်။အထက်ပါပုံအတိုင်း။
ကျွန်တော် post တစ်စောင်တင်ပါတယ်။ post စာသားတွေရေး ၊ခေါင်းစဉ်တပ်ပါတယ်။
ထိုနောက် ကျွန်တော် post တင်ဖို.အတွက် စတင်လေ့လာပါတယ်။
မတောက်တစ်ခေါက်တက်သည့် အင်္ဂလိပ်စာလေးဖြင့်။ ကျွန်တော်မသိတဲ့ သင်္ကေတလေးတွေ
အပေါ်ကို Mouse pointer ဖြင့် လိုက်ထောက် (မကလစ်) ပြီး စာလိုက်ဖတ်ပါတယ်။
ကိုယ်သိချင်သော နေရာပေါ်တွင် Pointer တင်ထားလျင် ထိုသင်္ကေတ၏ လုပ်ဆောင်ချက်
အင်္ဂလိပ်စာလေးတွေကို မြင်ရပါတယ်။ ဥပမာ F သင်္ကေတလေးပေါ် ထောက်လျင် Font. T
သင်္ကေတပေါ်ထောက်လျင် Size စသည်ဖြင့် ပေါ်လာပါတယ်။ ထိုသင်္ကေတလေးတွေ ဘာလုပ်လဲ
သိခဲ့ရပါတယ်။ Font ဆိုမှတော့ စာလုံးတွေနဲ. ပတ်သက်တာပေါ့။ Size ဆိုမှတော့
အရွယ်အစားပဲ ဒိလောက်တော့သိတာပေါ့။ ထိုနောက် Publish ကို ကလစ်လိုက်ပါတယ်။
ထိုအခါ အောက်ပါပုံကိုတွေရပါတယ်
ဒီ Post တင်တော့ ကျွန်တော် Post
တင်တာ မအောင်မြင်ဘူးလို. ထင်ခဲ့ပါတယ်။ သူများဘလော့တွေ ၀င်ကြည့်ရင်
ဒိလိုမှမဟုတ်တာ။ ဒိလိုစိတ်ဓါတ်ကျနေတုန်း View Blog ဆိုတာလေးကို တွေလို.
ကလစ်လိုက်မမှ Post တင်တာ အောင်မြင်တယ်ဆိုပြီး ပျော်ရွှင် ကြည်နှုးခဲ့မိပါတယ်။
ကျွန်တော် Post တင်တာကို မထမဆုံးအကြိမ် တက်သွားပါတယ်။
No comments:
Post a Comment