ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Monday, July 2, 2012

သတ္တ၀ါဆီုးကြီး

ပုခုံးနှစ်ဖတ်ကြားမှာ ဦးခေါင်းရှိ
ခြေနှစ်ဖတ် ၊လက်နှစ်ဖတ်နှင့် သတ္တ၀ါကြီး
အပြုံးတွေ ၊ချိုသာတဲ့ စကားလုံးတွေ
နှစ်သက်မြတ်နိုးဖွယ် အပြုအမူတွေဖြင့်
ရန်သူကို ဖြားယောင်သွေးဆောင်နိုင်တဲ့ သတ္တ၀ါကြီး
အပြုံးတွေရဲ. နောက်ကွယ်မှာ
ရက်စက်ကြမ်းကြုတ်မှုတွေ
အလိုရမ္မက်ကြီးမှုတွေ
အတိပြီးလို.
ငယ်ရွယ်စဉ်က တစ္ဆသရဲတွေကိုကြောက်ရွံခဲ့မိတယ်
အသိဥာဏ်ရင့်သန်လာချိန်မှာတော့
ကြောက်ရွံမှုက ရွေ.လျားပြောင်လဲသွားတယ်
လူတွေကို ကြောက်တက်လာတယ်
ဟန်ဆောင်တဲ့အပြုံးတွေ
ဟန်ဆောင်တဲ့စကားလုံးတွေ
ဟန်ဆောင်တဲ့အပြုအမူတွေ
တစ္ဆသရဲက ကြောက်စရာမကောင်းတော့ဘူး
လူတွေကကြောက်စရာကောင်းလာပြီ
ဒိလိုနဲ. နွေမိုးဆောင်း အလိလိပြောင်းခဲ့
လောကမယ် ကြောက်စရာအကောင်းဆုံး
သတ္တ၀ါကြီးတစ်ကောင်ကိုလဲ ငါရှာတွေခဲ့ပြီ
နဘေးနားက ကြောက်ရွံ.ခဲ့တဲ့ လူတွေလဲမဟုတ်
ငွေလိုခေါ်တဲ့ လိုတရ တန်းခိုးရှင်လေးလဲ မဟုတ်
တစ္ဆသရဲတွေလဲမဟုတ်
-----မဟုတ်
-----မဟုတ်
-----မဟုတ်
ငါ့အတွက် ဒိကမ္ဘာမှာကြောက်စရာ
အကောင်းဆုံး သတ္တ၀ါဆီုးကြီးက
ကြည့်မှန်ထဲမှာ မြင်နေရတဲ့
သတ္တ၀ါကြီးပဲ

ASMOON

No comments:

Post a Comment

Template by : kendhin x-template.blogspot.com