ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Wednesday, June 13, 2012

၁၀။ ငွေမစုမိပါဘူး

     ဟားဗတ်တက္ကသိုလ်မှ ကျောင်းပြီးကတည်းက ကွဲကွာသွားကြသောကျောင်းနေဖတ် သူငယ်ချင်းမိန်းကလေးနှစ်ဦး ၁၀ နှစ်ခန့်အကြာတွင် မမျှော်လင့်ဘဲပြန်တွေ.ပြီး စကားများပြောမကုန်ဖြစ်လျက်ရှိသည်။
ပထမအမျိုးသမီး  ။     ။ကိုယ့်အမျိုးသားက ကန်ထရိုတ်တာလေ။
ဒုတိယအမျိုးသမီး။     ။ဟုတ်လား...ကောင်းတာပေါ့.။
ပထမအမျိုးသမီး  ။     ။ဒါကြောင့်...ငါကတော့နေ.တိုင်းဈေးဖိုးအပြင် ရှော့ပင်းထွက်ဖို.လည်း ပိုက်ဆံတောင်းတယ်လေ။
ဒုတိယအမျိုးသမီး။     ။ဟုတ်လား...ဘယ်လောက်တောင်းလဲ။
ပထမအမျိုးသမီး ။     ။တနင်္လာနေ.ဆိုရင် ဒေါ်လာ ၁၀၀၀ တောင်းတယ်။
ဒုတိယအမျိုးသမီး။     ။နောက်နေ.တွေရောတောင်းတာပဲလား။
ပထမအမျိုးသမီး  ။     ။အင်း...နောက်နေ.တွေတော့ တဖြည်းဖြည်းလျော့တောင်းတာပေါ့... ဒေါ်လာ ၈၀၀၊ ဒေါ်လာ ၇၀၀၊ ဒေါ်လာ ၅၀၀ ပေါ့။
ဒုတိယအမျိုးသမီး။     ။ဟယ်...အဲတော့ ငွေတွေအများကြီးစုမိနေတာပေါ့။
ပထမအမျိုးသမီး  ။     ။ငွေမစုမိပါဘူးဟယ်။
ဒုတိယအမျိုးသမီး။     ။ဘာဖြစ်လို.လဲ...ငွေတွေအကုန်သုံးပစ်တာလား။
ပထမအမျိုးသမီး  ။     ။မဟုတ်ပါဘူး...ငါတောင်းတိုင်းသူက တစ်ခါမှမပေးဘူးလေ။
ဒုတိယအမျိုးသမီး။     ။ဟယ်

No comments:

Post a Comment

Template by : kendhin x-template.blogspot.com