ဧရာရစ်ဝိုင်း ၊ရွှေကိုင်းဇေယျာ
မြစ်မင်းနဒီ ၊ကွေ.၀ှိုက်ကာစီး
ထုံးဖြူဖွေးဖွေး ၊ပုထိုးစုံစုံ
မြင်မြင်သမျှ ၊သပ္ပုလ်လှပ
စိတ်အစဉ်မှာ ၊အေးချမ်းပါ၏၊
မြင်လှည့်စေချင် ၊ဆွမ်းဦးပုံရှင်
တော်ပေါ်စေတီ ၊ရှုခင်းသာသာ
ဟိုးးအဝေးက ၊ကောင်းမှုစေတီ
ထိုမှတစ်တန်း ၊အနောက်ဖတ်ခြမ်း
ညီအမကောင်းမှု ၊ဆွေမျိုးတော်၏။
ညီညီညာညာ ၊စိတန်းကာလှည့်
ဆရာလေးများ ၊အညာနေကို
အန်တုဖတ်ပြိုင် ၊ဓမ္မတေးသံ
စိစိညံကာ ၊ဒီမြင်ကွင်းမှာ
စိတ်မနောကို ၊အေးချမ်းပါ၏။
နေ၀င်ဆည်းဆာ ၊ကောင်ကင်အလှ
တံတားနှစ်စီး ၊အပြိုင်ခွင်းတဲ့
ဧရာနဒီ ၊ဒီမြစ်ကြီးဖြင့်
ရေချိုးဆင်းတဲ့ ၊အရှင်နေမင်း
ပန်ချီဆရာ ၊ငိုရပါ၏။
ဝါဆိုဝါတွင်း ၊နံနက်အာရုံ
သူရိန်နေမင်း ၊သန်းဝေကာထစဉ်
ဘုံဆွမ်းလောင်းလှူ ၊ဟိုနားတစ်စု
ဒိနားတစ်ဖွဲ ၊ကုသုလ်ယူကာ
နိဗ္ဗာန်သွားဖို. ၊လူစုနေ၏။
ဒီမြို.ကြီးသူ ၊ဒိမြို.ကြီးသား
အစဉ်ပြုံးရွှင် ၊ရိုးသားဖြူစင်
ဥစ္စာပေါသူ ၊ရှားပါးပေမယ့်
သဒ္ဒါတရား ၊ဘာဝနာပွား
မေတ္တာခွန်အား ၊ကြီးမားပါ၏။
ငါ့မြို.ကြီးသူ ၊ငါမြို.ကြီးသား
ငါအမွန်းတင် ၊ဖွဲနွဲ.ကာရေး
ငါ့မြို.အကြောင်း ၊ကဗျာဖွဲ.တော့
ဒိမြို.သားငါ ၊ကြွားဝါခွင့်ရ
ဒိမြို.သားဖြစ်ရတာ ၊ဂုဏ်ယူပါ၏။
No comments:
Post a Comment