ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Wednesday, June 6, 2012

၂၄ အရူးတစ်ယောက်၏ကဗျာ

အရူးတစ်ယောက်၏ကဗျာ
စိတ်ရောဂါအနုစားလေး
အိပ်မပျော်ရောဂါ
အပျော်ဖတ်ဝတ္ထုတွေဖတ်အချိန်ဖြုန်း
ကဗျာတွေရေးပြီးကုစား
အသိတစ်ယောက်ကထောပနာပြုတယ်
" အရူး " တဲ့
ဘာအကြောင်းတွေရေးလဲ။
ဘာအမျိုးအစားနဲ.ရေးလဲ။
အချစ်
ဘဝ
ပတ်ဝန်းကျင်
တျာချင်း ၊ဘာချင်း ၊ညာချင်း
လေးလေး ၊လေးသုံး ၊သုံးလေး
ကာရံ ၊မော်ဒန် ၊ပို.စ်မော်ဒန်
ဟင့်အင်း.....
တစ်ခုမှနားမလည်
စိတ်ထဲပေါ်တာ
ရေးချင်တာရေး
ကဗျာမဖြစ် အက်ဆေးဖြစ်လို.
" တယ် " " သည် " တွေရှာဖြတ်
ဖြစ်ပြီလေကဗျာတစ်ပုဒ်
ကဗျာဆိုတာ
ဒိလိုလွတ်လပ်တယ်။


ASMOON

2 comments:

  1. ကြားကြား မကြားကြား ကျွန်တော်ဟာ ဒီစကား အကြိမ်တစ်ရာ ထပ်ပြောမည်
    ဝီရိယနဲ့  ဆိုင်တဲ့ သီချင်းလေးပဲနော်

    ReplyDelete

Template by : kendhin x-template.blogspot.com