ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Monday, June 11, 2012

၆ ပြေးခဲ့ပုံက

     ပီးရူးနိုင်ငံ လိနာမြို.တွင်ကျင်းပသော မိတာ ၂၀၀ အပြေးပြိုင်ပွဲ၏ ရှေ.ဆုံးမှ ပန်းဝင်လာသော လူသစ်အပြေးသမားတစ်ဦးအား သတင်းထောက်တစ်ဦးက တွေ.ဆုံမေးမြန်လေသည်။
သတင်းထောက်။     ။နာမည်ဘယ်လိုခေါ်ပါတယ်။
အပြေးသမား    ။     ။လူဝစ်းလို. ခေါ်ပါတယ်။
သတင်းထောက်။     ။ဒိပြိုင်ပွဲမှာ ရှေ.ဆုံးက လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ပြီး ပန်းဝင်လာနိုင်တာ အရင်ကပြိုင်ပွဲ တွေယှဉ်ပြိုင်ခဲ့ဖူးလို.လား။
အပြေးသမား    ။     ။တစ်ကြိမ်မှ မပြိုင်ခဲ့ဖူးပါဘူး။
သတင်းထောက်။     ။ဟုတ်လား...ဒါဆို ဒိပြိုင်ပွဲဝင်ဖို. အချိန်အကြာကြီး လေ့ကျင့်ပြင်ဆင်ခဲ့တာလား။
အပြေးသမား    ။     ။တစ်ခါမှ မလေ့ကျင့်ခဲ့ဖူးပါဘူး။
သတင်းထောက်။     ။ဟုတ်လား...အပြေးသမားအမျိုးရိုးများ ရှိခဲ့လား။
အပြေးသမား    ။     ။မရှိပါဘူး။
သတင်းထောက်။     ။ဒါဆိုအပြေးပြိုင်ပွဲမှာ ဘယ်လိုစိတ်ဓါတ်မျိုးနဲ.များ ယှဉ်ပြိုင်ခဲ့တာလဲ။
အပြေးသမား    ။     ။တာထွက်ကတည်းက ကျွန်တော့်မိန်းမ နောက်ကလိုက်လာပြီဆိုတဲ့ စိတ်သွင်းပြီး တစ်ရှိန်ထိုးပြေးခဲ့တာပါ။
သတင်းထောက်။     ။ဗျာ။

No comments:

Post a Comment

Template by : kendhin x-template.blogspot.com