မှောင်ပိန်းသည့်ည
ကဗျာဖွဲ.ခွင့်ပြုပါ
အရိပ်အောက်မှာ ခေတ်ကာလကြာမြင့်စွာ
နှုတ်သံတိတ်ဆိတ် နေခဲ့သူတို.၏ သီချင်းများကို
တိုးတိုးညင်သာ ကြားနာပါရစေ။
စကြာယဉ်ပျံပေါ် တင်ခေါ်သွားပါ။
တိုးတိတ်စွာဖြင့်
တစ်ကမ္ဘာပြီး တစ်ကမ္ဘာဆီ
ကျွန်ုပ်လိုက်ပါရစေ။
မှောင်မိုက်အလှပိုင်ရှင်
အချိန်ကာလ နန်းတော်က ဘုရင်ခ့ထံပါး
ကျွန်ုပ်အားပို.ဆောင်ပေးပါ။
အမေးများစွာနှင့်သံသယစိတ်အစဉ်ကို
နန်းရင်ပြင်တွင်း ၀င်ရောက်စေပြီး
အလင်းမဲ့ အိမ်ထဲမှာ
အဖြေရှာပါရစေ။
မည်သူလက်ချက်မှန်းမသိသော
ပျော်ရွင်မှုမြှားတံတား
နှလုံးသားမှာစူးနစ်
ရွှင်လန်းအားရမှုကို ကျယ်လောင်စွာ ဟစ်ကြွေးသံ
အမှောင်ထုအား အနက်ရှိုင်းဆုံးထိ လှုပ်ရှားစေပြီ
ဘာသာပြန် ကိုရွှေသိမ်းမင်း



  Mandalay Time
























No comments:
Post a Comment