ဘ၀လှိုင်းဂယက်ကြားမှာ
မျောပါကခုန်နေတယ်
လေသံရေသံတွေလည်း သောသောညံလို.ပေါ့။
နေ၀င်တဲ့အခါမှာတော့
အမှောင်လွမ်းတဲ့ ကောင်းကင်မှာ
ငိုက်မျဉ်းတဲ့ မျတ်စိလို
ပင်လယ်ထဲ မှေးစင်းငုပ်လျှိုတော့တယ်။
ကဗျာဆရာလည်း
သူ.ကလောင်ကို အနာပေးပြီး
အတွေးတွေကိုတော့
အတိုင်းမသိ တိတ်ဆိတ်လျှိုဝှက်မှုတွေရဲ.
အနက်ရှိုင်းဆုံးမှာ
နှစ်မြုပ်ထားလိုက်တာပေါ့။
ဘာသာပြန် ကိုရွှေသိမ်းမင်း
No comments:
Post a Comment