ရှေ.အနာဂါတ်အရေးငါမတွေး
လက်တွေ.ဘဝ
ပစ္စပ္ပုန်တည့်တည့်သာငါရှုမယ်
ဘာလုပ်ခဲ့လဲ
အတိတ်အရိပ်ဆိုးတွေငါပြန်မတွေး
စိတ်ဒဏ်ရာတွေ
ဘေးဖယ်ထားလို.ငါနေမယ်
အကောင်းဆုံးကို မျှော်လင့်လို.
အဆိုးဆုံးကိုရင်ဆိုင်မယ်
ဒိလောကကြီးကို ငါစိန်ခေါ်မယ်
ငါ့ဖတ်မယ်ဘယ်သူရှိလဲ
ငါ့ဘ၀ရဲ. ဘုရင်က ဘယ်သူလဲ။
ငါဘ၀ရဲ. သခင်က ဘယ်သူလဲ။
ကြည့်မှန်ထဲမှာ မြင်နေရတဲ့
ကြောက်စရာအကောင်းဆုံး ကောင်ကြီးပဲ
လောဘကိုပေးတာလဲသူ
ဒေါသကိုပေးတာလဲသူ
မောဟကိုပေးတာလဲသူ။
ဒါဆိုကျေးကျွန်ကဘယ်သူလဲ
အစေခံကဘယ်သူလဲ
လူတိုင်းမှာရှိတဲ့
ရှက်ကြောက်တက်တဲ့စိတ်ပဲ
လောဘကိုထိန်းချုပ်ပေးတဲ့သူ
ဒေါသကိုထိန်းကြောင်းပေးတဲ့သူ
မောဟကိုချုပ်ငြိမ်းပေးတဲ့သူ
လောကကိုရင်ဆိုင်ဖို.
ဘယ်သူကိုခေါ်ရမလဲ
သင်ရော
ဘုရင်လား.....?????
ကျေးကျွန်လား.....?????



Mandalay Time
























No comments:
Post a Comment