ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Thursday, June 14, 2012

၃။ တန်ဖိုး၏ပုစ္ဆာ ( ကဗျာ )

( *သတိ အရူးဓါတ်ခံရှိသူများ မဖတ်ရ*)    
     မနေ.ညက အိပ်မပျော်တဲ့ညများထဲက တစ်ညပေါ့။ အိပ်ယာထက်မယ် ဟိုလူးဒိလိမ့်နဲ.
တောင်စဉ်မရ အတွေးတွေကွန်.မြူးလို.ပေါ့။ ရည်းစားဟောင်းအကြောင်းလဲပါတယ်။ သူငယ်ချင်းတွေ
အကြောင်းလဲပါတယ်။ အဆင်မပြေတဲ့ စီးပွားရေးအကြောင်း၊ လူမှုရေးအကြောင်း၊ မိသားစုအကြောင်း
၊...ကြောင်း၊...ကြောင်းနဲ. ကြောင်းဆရာလဲဖြစ်လို.ပေါ့။ ကြောင်းဆရာဖြစ်ရင်း မျတ်လုံးလဲကြောင်လာခဲ့ပေါ့။
ဒိနေ.လဲ အရင်ညတွေလိုပဲ အိပ်မပျော်တော့ ဇာတ်ကားလေးတွေ ထကြည့်ဖြစ်ခဲ့ပေါ့။ ဇာတ်ကားကလဲ
အသစ်မရှိ အိပ်မပျော်တိုင်း ထပ်ကာတလဲလဲကြည့်ဖြစ်တော့ ရိုးအီးနေပြီး ပျင်းလာခဲ့ပေါ့။ ဒါနဲ့အိပ်ယာထက်
ပြန်လှဲ ဟိုတွေးဒိတွေးနဲ. တန်ဖိုးဆိုတဲ့ အကြောင်းအရာကို အတွေးဝင်ခဲ့ပေါ့။ ဒိလိုနဲ.ကဗျာတစ်ပုဒ်
ရေးခြစ်မိပေါ့။
     တန်ဖိုး၏ပုစ္ဆာ
ဥစ္စာဓနနဲ.တွက်မယ်
ပညာဂုဏ်နဲ.တွက်မယ်
ဖြူစင်ရိုးသားမှုနဲ.တွက်မယ်
လူသားတစ်ယောက်၏တန်ဖိုး
ဘာနဲ.တွက်မလဲ။
ဥစ္စာလား...
ပညာလား...
ရိုးသားမှုလား...
သင်ရော...
ဘာကိုရွေးမလဲ။
လက်ဝါးတစ်ဖတ်ဖြန်.ပြထားတယ်
ကိုယ်ဖတ်ကကြည့်တော့လက်ဖမိုး
သင့်ဖတ်ကကြည့်တော့လက်ဖ၀ါး
ဘယ်သူမှားပြီး
ဘယ်သူမှန်လဲ။
သူကဥစ္စာနဲ.တွက်တယ်
သူကပညာနဲ.တွက်တယ်
သူကရိုးသားမှုနဲ.တွက်တယ်
လူတစ်ယောက်၏တန်ဖိုးကို
လက်ဝါးတစ်ဖတ်ရဲ. ဘယ်ဖတ်ကနေပြီးတွက်မလဲ။
လက်ဖမိုးကဥစ္စာ
လက်ဖ၀ါးကပညာ
ဘေးလူကရိုးသားမှု
သူတိုအမြင်
မှားတယ်လိုဘယ်သူပြောမလဲ။
လူမှုဝန်းကျင်မယ် ဥစ္စာကတန်ဖိုးရှိတယ်
အသိုင်းအ၀န်းတစ်ခုမယ် ပညာကတန်ဖိုးရှိတယ်
ဘာသာရေးမယ် ရိုးသားမှုကတန်ဖိုးရှီတယ်
အရာရာကတန်ဖိုးရှီတော့
အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်ပဲ။
     ဒိလိုနဲ. ကဗျာတစ်ပုဖြစ်ခဲ့ပေါ့။ ဒိကဗျာလေးကို သုံးလေးခေါက်ဖတ်ရင်း စိတ်တိုင်းမကျ
ဖြစ်ခဲ့ပေါ့။ ဒိလိုနဲ.အတွေးတစ်ခုဝင်လာခဲ့ပေါ့။ ဒါလေးကို လေးလုံးစပ်နဲ. ရေးကြည့်ရင်ရော...
တန်ဖိုး၏ပုစ္ဆာ
ဥစ္စာဏန ၊ပညာဂုဏ်မာန်
ဖြူစင်ရိုးသား ၊တွက်ချက်နှိုင်းယှဉ်
လူသားတန်ဖိုး မည်သည်ဖြင့်တိုင်းသနည်း။
ငွေကြေးဥစ္စာ ၊ ? ? ? ?
ပညာဗေဒ ၊ ? ? ? ?
ရိုးသားကြိုးစား ၊ ? ? ? ?
အသင်တို.ရော မည်သည်ကိုရွေးသနည်း။
ဖြန်.ပြလက်ဝါး ၊ကျွနိုပ်ကဖမိုး
သင်ကလက်ဝါး ၊အမြင်နှစ်မျိုး
မည်သူကမှားပြီး မည်သူကမှန်သနည်း။
ဥစ္စာတွက်သူ ၊ပညာမတ်သူ
လိုချင်ရိုးသား ၊တန်ဖိုးလူသား
လက်ဝါးဖမိုး မည်သည်ဖတ်ကတွက်သနည်း။
ဥစ္စာဖမိုး ၊ဖ၀ါးပညာ
ဘေးလူရိုးသား ၊ကြည့်သည့်ဖတ်မြင်
မှားသည်လို. မည်သူပြောသနည်း။
လူမှုဥစ္စာ ၊သိုင်းဝန်းပညာ
ရိုးသားဘာသာ ၊အရာရာရှိတော့
ပုစ္ဆာတစ်ပုဒ် အဖြေမရှိတော.။
     ဒိလိုလေး အမျိုးအစားပြောင်းရေးကြည့်ပေါ့။ လွတ်လွတ်လပ်လပ် မော်ဒန်ကနေ လေးလုံးဘောင်ထဲ
ထည့်ပြီးရေးကြည့်မိပေါ့။ ဒါနဲ.အရူးတစ်ယောက်ရဲ. ကဗျာ ရှင်အဇ္ဇဂေါဏရဲ. ရွှေမိုးငွေမိုး ရွာစေဖြိုး
ဂါထာရွတ်မိသလို ကဗျာတစ်ပုဒ်ကနေ နှစ်ပုဒပွားခဲ့မိပေါ့။ ပွားထားတဲ့ကဗျာနှစ်ပုဒ် ထပ်ကာထပ်ကာ
ဖတ်ရင်း ဘိုးဘိုးအောင်ရဲ. ပွားများလာတဲ့ ၀လုံးလေးကိုသတိရမိပေါ့။
တန်ဖိုး၏ပုစ္ဆာ
သူတိုတွက်သည်
ဥစ္စာဓန ၊ပညာဂုဏ် ၊ဖြူစင်ရိုးသား
ဥစ္စာဓန ၊ဖြူစင်ရိုးသား ၊ပညာဂုဏ်
ပညာဂုဏ် ၊ဥစ္စာဓန ၊ဖြူစင်ရိုးသား
ပညာဂုဏ် ၊ဖြူစင်ရိုးသား ၊ဥစ္စာဓန
ဖြူစင်ရိုးသား ၊ဥစ္စာဓန ၊ပညာဂုဏ်
ဖြူစင်ရိုးသား ၊ပညာဂုဏ် ၊ဥစ္စာဓန
လူ၏တန်ဖိုး
ဘယ်လိုနည်းတွေနဲ.တွက်မလဲ။
ဥစ္စာလား ၊ပညာလား ၊ရိုးသားမှုလား
ဥစ္စာလား ၊ရိုးသားမှုလား ၊ပညာလား
ပညာလား ၊ဥစ္စာလား ၊ရိုးသားမှုလား
ပညာလား ၊ရိုးသားမှုလား ၊ဥစ္စာလား
ရိုးသားမှုလား ၊ဥစ္စာလား ၊ပညာလား
ရိုးသားမှုလား ၊ပညာလား ၊ဥစ္စာလား
သင်တို ၊ခင်ဗျားတို. ၊ဆရာတို.
ဘာကိုရွေးမလဲ။
လက်ဝါးတစ်ဖတ်ဖြန်.ပြထားတယ်။
ကိုယ်ဖတ်ကကြည့်တော့ လက်ဖမိုး
သင့်ဖတ်ကကြည့်တော့လက်ဖ၀ါး
လက်ဖ၀ါးမြင်တာသင်
လက်ဖမိုးမြင်တာကိုယ်
မမှားသော်လဲ မမှန်ခဲ့ကြ
သူကဥစ္စာ
သူကပညာ
သူကရိုးသားမှု
ဥစ္စာ ၊ပညာ ၊ရိုးသား
လူသားတစ်ယောက်ရဲ. တန်ဖိုး
လက်ဖ၀ါးဒိဖတ်ကကြည့်ပြီးတွက်လား
လက်ဖ၀ါးဟိုဖတ်ကကြည့်ပြီးတွက်လား။
လက်ဖမိုးဖတ်က လူကဥစ္စာ
လက်ဖ၀ါးဖတ်က လူကပညာ
အခြားနှစ်ဖတ်က ရိုးသားမှု
ကြည့်သူအမြင်တွေ
မှားတယ်လို. မဆိုလိုနိုင်
မှန်တယ်လိုလဲ ယတိပြတ်ပြောမရ။
လူမှုဝန်းကျင်မယ်တော့ တန်ဖိုးကို ဥစ္စာနဲ.အများစုတွက်တယ်
အသိုင်းအ၀န်းတွေမယ်တော့ ပညာနဲ. အများစုတွက်တယ်
ဘာသာရေးမယ်တော့ ကံငါးပါးလုံခြုံတဲ့ ရိုးသားမှုနဲ. တစ်ကယ်တွက်တယ်
လောကကြီးမယ်အရာရာဟာ မသိတဲ့တန်ဖိုးတွေရှိတော့
ပုစ္ဆာကပဲ အဖြေမရှိတာလား
အဖြေကပဲ ပုစ္ဆာထဲပါမလာတာလား
     ဒိလို...ဒိလိုလေး ဘိုးဘိုးအောင် ၀လုံးလေးလို ပိုစ်မော်ဒန်ကဗျာတစ်ပုဒ် ထပ်ပွားလာခဲ့ပေါ့။
ရှင်အဇ္ဇဂေါဏကြောင့်မော်ဒန်ကဗျာကနေ လေးလုံးကဗျာတစ်ပုဒ် ပွားလာခဲ့ပေါ့။ နောက် ဘိုးဘိုးအောင်
ဝလုံးလေးကြောင့် ပိုစ်မော်ဒန်တစ်ပုဒ်ပွားလာခဲ့ပေါ့။ ဟော...ဒိဖတ်ခေတ်က ပုံတူမျိုးပွား ကလုံးပညာတဲ့။
အောင်းမလေး တော်ပါပြီးဗှာ ထက်မပွားတော့ပါဘူး။ ဒိကဗျာဆောင်းပါးလေးများ ဆရာတိုဖတ်ပြီးသွားရင်
ရူးကြောင်ကြောင်ဖြစ်သွားလားတော့မသိဘူး။ ကျနော်ကိုယ်တိုင်တော့ ဦးနှောက်တစ်ခန်း ဂျန်.ဖြစ်သွားပေါ့။

No comments:

Post a Comment

Template by : kendhin x-template.blogspot.com