ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Sunday, June 17, 2012

၃၃။ နေ၀င်ပြီလား

နေ.ရက်တွေက
ငြီးငွေ.စရာကောင်းတယ်
လက်ဖတ်ရည်ဆိုင်ထိုင်
ဂိမ်းဆိုင်သွား
အိမ်ပြန်
တစ်ကျော့ပြန်
လက်ဖတ်ရည်ဆိုင်ထိုင်
ဂိမ်းဆိုင်သွား
တစ်ယောက်တည်း
အထီးကျန်စွာ အချိန်တွေကိုကုန်ဆုံး
နောက်ကိုပြန်ငှဲ.ကြည့်
အတိတ်တက္ကရာဇ်များ
ဘာများထူးခြား
ကျောင်းသွား
ဂိမ်းဆိုင်ထိုင်
မထူးခြား။
အဘိုးအိုတစ်ယောက်
သားတွေကအလုပ်သွား
မြေးတွေကကျောင်းသွား
အဘိုးအိုတစ်ယောက်အိမ်ပေါက်စောင့်
အဖေါ်မဲ့တစ်ယောက်တည်း
ကုလားထိုင်မယ် ထိုင်ငေး
နေ၀င်ချိန်ကို စောင့်နေသူ
ငါရော
မိုးသောက်ချိန်မှာပဲ
နေ၀င်ပြီလား


ASMOON

No comments:

Post a Comment

Template by : kendhin x-template.blogspot.com