ကျွန်ုပ်ခန္ဓာကိုယ်ကို ဖောင်တစ်ခုနှယ် တွယ်ဖက်ထားရသည်။
ဖြတ်ကူးပြီးလျှင်တော့
ခန္ဓာကိုယ်ဖောင်ကို စွန်.ပစ်မည်မှာ မလွဲပါ။
ထိုအခါ
တစ်ဘက်ကမ်းတွင် အလင်းရောင်ရှိသလား
သို.တည်းမဟုတ်
ယခုလိုပင် အမှောင်လေလား
ကျွန်ုပ်မသိပါ။
မသိခြင်းကား ထာဝရလွတ်လပ်မှုပင်
သူ.ချစ်ခြင်းကား သနားညှာတာမှုမရှိ
ပုလဲကိုရဖို. ကမာခွံကိုထုခွဲရသလို
မည်းမှောင်သည့် အကျဉ်းထောင်ထဲကိုလည်း ထည့်ထားတက်၏
ကုန်ဆုံးခဲ့ကာလများတွင်
သင်ကမျတ်နှာချိုသွေးပြီး မျတ်ရည်ကျခဲ့ရ၏
သင့်နှလုံးသားကား သနားစရာပင်
အို...ခရီးသွား
လာမည့်ကာလများအတွက်
ပျော်ရွှင်ချမ်းမြေ.နိုင်ပါစေ
သင့်အအတွက် အချိန်ကျရောက်လာပါလျှင်
သင်သွားရာခရီးလမ်းကို သင်စွန်.ခွာရပေမည်။
သူ.မျတ်နှာ လှစ်ပြပါလျှင်
သူ.ကို တစ်ကြိမ်သင်မြင်တွေ. ရပါလိမ့်မည်။
ဘာသာပြန် ကိုရွှေသိမ်းမင်း
No comments:
Post a Comment