ညတစ်ည
လမင်းကြီးကိုထိုင်ငေး
ကြယ်စင်တွေကိုရေတွက်
တောင်စဉ်မရအတွေးတွေ ရစ်ဝိုင်း
လမင်းကြီးကို တိုးတိုးလေး ပြောမိတယ်။
မင်းဘေးမယ် ကြယ်စင်တွေ ၀န်းရံခစားလို.နော်။
ငါ့ဘဝ
အတိတ်ကိုပြန်တွေး
သက္ကရာဇ်တွေကိုရေတွက်
အမေးအဖြေအတွေးတွေရစ်ဝိုင်း
လောကကြီးကို တိုးတိုးလေး မေးမိတယ်။
ငါ့ဘေးမယ် မိတ်ဆွေတွေ ဘယ်ရောက်နေလဲ။
No comments:
Post a Comment