ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Friday, July 20, 2012

လောကကြီးသဘော

သူရဲကောင်းတွေ ပေါ်ထွန်းဖို.အတွက်
လူဆိုးကြီးတွေ အရင် ရှေ.ထွက်ရတယ်။
ဆေးစွမ်းကောင်းတွေ ပေါ်ထွန်းဖို.အတွက်
ရောဂါဆိုးကြီးတွေ အရင် ရှေ.ထွက်ရတယ်။
ငြိမ်းချမ်းမှုရ. အရသာစစ်စစ်ကို ခံစားရဖို.အတွက်
စစ်ပွဲကြီးတွေ အရင် ဖြစ်ခဲ့ရတယ်။
ဒိလိုပါပဲ
လူသားတွေမှာလဲ
အောင်မြင်မှု ပန်းတိုင်ရောက်ဖို.
ဖိအားတွေ ၊တိုက်ခိုက်မှုတွေနဲ. အရင်
ရင်ဆိုင်ရလိမ့်မယ်။
လောကနီးယာမအရ
အကောင်းလာဖို.
အဆီုးအရင် ရှေ.ထွက်လာတယ်။
အဆီုးတွေနဲ. ရင်ဆိုင်စဉ်
လက်မလျော့စတမ်း
ဇွဲမပျတ်စတမ်း
ရင်ဆိုင်ယှဉ်ပြိုင်ရင်
အနာဂါတ်မယ် အောင်မြင်မှု အဖူးအပွင့်လေးတွေ
မြင်ရမှာပါ
တွေ.ရမှာပါ
ကိုယ့်လက်ထဲကို ရောက်ရမှာပါ
ဧကန်မုချ ပိုင်ဆိုင်ရမှာပါ

ASMOON

သီချင်းလေးတွေတင်မယ် ( ကိုယ်တိုင်လေ့လာ မှတ်စု ၉ )

     ကျွန်တော့် ဘလော့မယ် သီချင်းလေးတွေတင်ချင်တယ်။ ဘယ်လိုလုပ်ရမယ်လဲ။ သူများဆိုက်တွေလျောက်ကြည့်တယ်။ Radio သီချင်းတွေတွေ.တယ်။  Flash Songs တွေတွေ.တယ်။ မဟုတ်ဘူး။ ဒိလိုမဟုတ်ဘူး။ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေ တင်ချင်တာ။ Flash Songs နဲ.တင်ပေါ့တဲ့။ ဟုတ်တယ်။ ကျွန်တော်မှ မလုပ်တက်တာ။ မလုပ်တက်ဘူး။ ရတယ်။ http://www.mm-flashsongs.com ဒိထဲက ကိုယ်ကြိုက်တဲ့ သီချင်းတွေ ကူးထည့်ပေါ့။ အင်းလေ။ ကူးထည်တာပဲ။ ဒါပေမယ့် ကိုယ့်ဘလော့မယ် သီချင်းထည်နည်း တက်တာမဟုတ်ဘူးလေ။ ကျွန်တော်က ကိုယ့်ဘလော့ထဲ သီချင်းထည့်နည်း တက်ချင်တာလေ။
     ဒါနဲ. Google ကိုခေါ် mp3 for my blogspot ဆိုပြီး ရိုတ်ထည့်လိုက်တယ်။ ဆိုက်တွေ အများကြီး ကျလာတယ်။ တစ်ခုပြီး တစ်ခု ဖွင့်ကြည့်တယ်။ သာမှန်လောက်ပဲ တက်တဲ့ အင်္ဂလိပ်စာနဲ.ပေါ့။ ဒိ Site လေး ကိုတွေတယ်။ ဒိဆိုက်လေးထဲမယ် ဒိလိုကုတ်တွေပေးထားတယ်။

Hosting အကြောင်း ( ကိုယ်တိုင်လေ့လာ မှတ်စု ၈ )

     Hosting ,Online storage ,online backup ,online stick နာမည်တွေ ဘယ်လိုပဲ ခေါ်ခေါ် သူ.လုပ်ဆောင်ချက်က တစ်မျိုးတည်းရယ်။ Online ပေါ်မယ် ကိုယ့်ရဲ. Data တွေကို သိမ်းစည်းပေးတယ်။ ဗိဒိယိုတွေ ၊သီချင်းတွေ ၊ဖိုင်တွေ ၊ဆောဝဲလ်တွေ အကုန်သိမ်းပေးတယ်။ သူကို Free ရယူလိုသလို ၊အခကြေးငွေနဲ.လဲ ၀ယ်ယူလိုရတယ်။ ဆိုက်ပေါ်မူတည်ပြီး သိမ်းဆည်းလို.ရတဲ့ ပမာဏ ( Gb )ကတော့ အမျိုးမျိုးပေါ့။ အများစုကတော့ 2Gb လောက်ပါပဲ။ အခကြေးငွေနဲ.ကတော့ ပမာဏပိုများမယ်ထင်တာပဲ။ ကိုယ်ပေးသွင်းလိုက်တဲ့ ငွေနဲ.ဆိုင်ရာပေါ့။
     Free Hosting ,Online storage site
     သူတို.က ကိုယ့် Data တွေကို သိမ်းစည်းပေးတယ်။ ပြီးတော့ ကိုယ့်ဘလော့ထဲမယ် ထည့်သွင်းပြီး တိုက်ရိုတ်အသုံးပြုလိုရအောင် link လေးတွေနဲ. Share ပေးတယ်။ Html ကုတ်ပေးတယ်။ Download ချလို.ရအောင် link ပေးတယ်။ တိုက်ရိုတ်အသုံးပြုလိုရတဲ့ ဗိဒိယို ၊သီချင်း ၊ဖိုင်တွေပေါ့။
     ဥပမာ

Template by : kendhin x-template.blogspot.com